Programming ဆိုတာဘာလဲ ?
Programming ဆိုတာဘာလဲ ?
Jan 5, 2021 1:24 PM (25 days ago)

# Programming ဆိုတာဘာလဲ ?

cover

Programming လိုပြောရင် အရင်ဆုံး program ဆိုတာဘာလဲဆိုတာကိုအရင်သိမှရမယ်

# အဲ့တော့ program ဆိုတာဘာလဲ ?

Program ဆိုတာက a representation of an algorithm ပဲ အဲ့တော့ algorithm ဆိုတာကိုနားလည်ဖို့ပြီ

Algorithm ဆိုတာက a set of instructions ခိုင်းစေချက်တွေစုထားတဲ့အရာ ဘာကိုခိုင်းစေတာလဲဆိုတော့ machine ကိုခိုင်းစေတာတစ်နည်းအားဖြင့် computer ကိုဆိုလိုတာပါ

# ဥပမာ

ထမင်းချက်မယ်ဆိုတဲ့ algorithm တစ်ခု ကို overview အနေနဲ့ရေးကြည့်မယ်

အရင်ဆုံး ဆန်ကိုခပ်ဖို့ ခွက်ယူရမယ်
ပြီးရင် ဆန်ကိုခပ်ရမယ်
ဆန်ခပ်ပြီးရင် ရေထည့်ရမယ်
ပြီးရင်ရေဆေးရမယ်
ရေဆေးပြီးရင် ရေကိုလိုသလောက်ထည့်ရမယ်
ပြီးရင်မီးဖိုပေါ်တည်ရမယ်...

စသည်ဖြင့် တစ်ဆင့်ပြီးတစ်ဆင့်လုပ်ရတယ်

လူအနေနဲ့ ထမင်းနှစ်လုံးလောက်ချက်လိုက် ဆိုပြီးခိုင်းလိုက်ရင် ဆန်ကိုဘယ်ထဲကခပ်ရမယ်ကအစ အလိုအလျောက် နားလည်ပေမယ့် machine မှာတော့ လူလို common sense မရှိတဲ့အတွက် လုပ်ရမယ့်အဆင့်တစ်ခုဆီကိုအသေးစိတ်ရေးပေးရတယ်။

အဲ့ အဆင့်တွေကို ခိုင်းစေမှု instruction လို့ ခေါ်တာပါပဲ ​အဲ့တော့ algorithm လို့ပြောရင် အဲ့အဆင့်တွေပေါင်းပြီး problem တစ်ခုကိုဖြေရှင်းတာပဲ ဒီမှာဆို ထမင်းချက်မယ်ဆိုတဲ့ task ပါ

Program ကြတော့ အဲ့လိုalgorithm တွေကို machine ပေါ်မှာအလုပ်လုပ်နိုင်အောင်လုပ်ပေးတဲ့အရာပေါ့ အဲ့ဒါဆို programming ဆိုတာကြတော့ ခုနလိုprogram တွေကို design ချ တည်ဆောက်ပြီး လိုချင်တဲ့ resultရအောင်လုပ်တဲ့ လုပ်ငန်းစဉ်ပါပဲ

Programming လို့ပြောရင်နောက်မှာ language ဆိုတဲ့စကားလုံးပါတယ် language ဆိုတာ တစ်ဦးနဲ့တစ်ဦး ဆက်သွယ်ဖို့ကြားခံပေးတဲ့အရာပဲလွယ်လွယ်ပြောရရင် အဲ့တော့ Programming Language ဆိုတော့ program တွေ ကို machine နဲ့ human ကြားမှာ ဆက်သွယ်ပေးတဲ့အရာပေါ့

Code ဆိုတာကတော့ program တွေကိုmachine ( computer ) ပေါ်မှာရေးတဲ့အခါမှာ သုံးတဲ့စကားလုံး တွေကိုဆိုလိုပြီး coding လို့ပြောရင် program အတွက် code တွေရေးသားမှုကိုခေါ်ဆိုတာပါ